အော်နီ နှင့် အီလိုနာ မိသားစုစင်တာသည် ရောက်ရှိလာကြသည့် မိသားစု အားလုံး အတူတကွ တွေ့ဆုံခင်မင်ရင်းနီးနိုင်ရန် ရည်ရွယ်သည်။ ကျွနုပ်တို့၏ ဝန်ထမ်းများမှ အလည်အပတ် ရောက်ရှိလာသူများကို အားလုံးအဆင်ပြေချောမွေ့မှုရှိစေရန် လမ်းပြကူညီမည်ဖြစ်သည်။ ဝန်ထမ်းများသည် ဖင်လန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားလည်း ပြောဆိုနိုင်သည့်အပြင်၊ လက်ဟန်သုံးဘာသာစကား အနည်းအငယ် ပြောဆိုတတ်သည်။ အမှတ်အသား ကိုင်ဆောင်ထားသူများမှာ လမ်းပြဝန်ထမ်းများ ဖြစ်သည်။

အော်နီ နှင့် အီလိုနာ မိသားစုစင်တာ၌၊ တခြားသော မိသားစုများနှင့် တွေ့ဆုံနိုင်ခြင်း၊ ကလေးများ လွတ်လပ်စွာ ဆော့ကစားနိုင်ပြီး၊ ပါရှိလာသည့် အစားအသောက်များ စားသုံးနိုင်သည့်အပြင်၊ အခကြေးငွေ သက်သာသည့် ကော်ဖီနှင့် ရေနွေးခြမ်းလည်း ရရှိနိုင်သည်။  မိသားစုအိမ်၌ မိမိနှင့်ပါလာသော ကလေးများကို  မိဘများမှ ကိုယ်တိုင် တာဝန်ယူရမည်ဖြစ်သည်။ ဆော့ကစားပြီးနောက်၊ ကစားစရာများ နေရာတကျပြန်လည် ထားရှိရန် နှင့် သန့်ရှင်းမှုရှိစေရန် တာဝန်ယူရမည်။  မိသားစုအိမ်မှ ကြီးမှူးကျင်းပသည့် အစီအစဉ်များသည် အခမဲ့ဖြစ်ပြီး၊ စီစဉ်သူများမှ တာဝန်ယူ ကျင်းပပေးသည်။ ကျွနုပ်တို့မှ ဦးဆောင်ပြုလုပ်သည့် တွေ့ဆုံမှု အဖွဲ့များ၌ ပူးပေါင်းပါဝင်နိုင်ပါသည်။ မည်သည့် အစီအစဉ်များရှိနိုင်သည်ကို အပါတ်စဉ်အချိန်ဇယား၌ ဖတ်ရှုလေ့လာနိုင်သည်။

 

Perhekeskus Onni ja Ilona အော်နီ နှင့် အီလိုနာ မိသားစုစင်တာ တည်ရှိသည့်နေရာသည်၊ Pohjolankatu 6 L6, 74100 Iisalmi ပို့ဟ်ရိုလန်ကာတူ ၆ အယ်လ် ၆၊ ၇၄၁၀၀ အီဆာလ်မီ ဖြစ်သည်။

 

မိသားစုစင်တာ ဖွင့်သည့်အချိန်မှာ၊

maanantai-perjantai klo 9-14

တနင်္လာနေ့ မှ သောကြာနေ့ ၀၉၀၀-၁၄၀၀။

 

မိသားစုစင်တာသို့ နွေးထွေးစွာ ဖိတ်ခေါ်ပါသည်။ ကြိုဆိုပါ၏။